ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေး

ပင်းတယ  ဩဂုတ်  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန်ရုံးဖွင့်ရက် (၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှစတင်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ထုတ်ပေးနေကြောင်း သိရသည်။

ပင်စင်လစာငွေများအား လစဉ်ပုံမှန်ရုံးဖွင့်ရက် (၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး ကျန်ရက်များတွင်လည်း နံနက် ၉ နာရီမှ ဘဏ်ဖွင့်ချိန်အတွင်း လာရောက်ထုတ်ယူနိုင်၍ ပင်စင်လစာငွေများအား  မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့်  ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်းတို့၏မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်းတယမြို့နယ်အနေဖြင့် ယခုလအထိ လစဉ်ပင်စင်လစာငွေများထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားစုစုပေါင်း (၇၀၈)ဦးရှိကြောင်း သိရှိရသည်။

အောင်ကိုဦး  (ပြန်/ဆက်)