ကျောက်တန်း ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူရည်ချွန်များ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ကကျောက်တန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မှော်ဝန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သန်းထွန်းမှ မုဒိတာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သန်းဦးမှ ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကာ ဆုရရှိသူများကိုယ်စား တစ်နိုင်ငံလုံးတွင် ဝိပ္ပံဘာသာတွဲမှ တတိရဆုရရှိခဲ့သည့် (၅) ဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ဝတီမှ နိုင်ငံခြားလေ့လာရေးခရီစဉ် အတွေ့အကြုံအားများအားလည်းကောင်း၊ နှစ်ထပ်ကွမ်းလူရည်ချွန်(၆) ဘာသာဂုဏ်ထူးရှင် မခင်ဘုန်းဆက်မှဆုရရှိမှုပတ်သက်သော အတွေ့အကြုံများအားလည်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ထူးချွန်စွာအောင်မြင်ခဲ့သော ဆုရ ကျောင်းသား၊ ကျောင်းသူများကိုဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။
အခမ်အနားတွင် ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆုရကျောင်းသားကျောင်းသူများ၊ မိဘများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော်(ပြန်/ဆက်)