မိုးနဲမြို့နယ်တွင် ချောင်းရေများ ပြန်လည်ကျဆင်းမှုကြောင့် ရေနစ်မြုပ်လယ်ကွင်း ၄၀ ရာနှုန်းကျော် ရေပြန်ပေါ်လျက်ရှိ

မိုးနဲ ဩဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဩဂုတ် ၁၃ ရက် မှ ၁၆ ရက်အထိ မိုးများ အဆက်မပြတ်ရွာသွန်းမှုများကြောင့် နမ့်တွမ်ချောင်း၊နမ့်စလိုင်ချောင်း၊ နမ့်မယ်မှန်းချောင်းတို့မှ ရေများ မြင့်တက်ခဲ့ပြီး မြို့၏ အရှေ့ဘက်ရှိ အနိမ့်ပိုင်း လူနေအိမ်နှင့် လွယ်ကွင်းအတွင်း ရေများဝင်ရောက်ခဲ့ရာ ယမန်နေ့က ချောင်း‌ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်‌ကြောင်း သိရသည်။

ချောင်းရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရှိ လူနေအိမ်နှင့် လယ်ကွင်းများတွင် ရေများပြန်ကျသွားခဲ့ပြီး မိုင်ဟိုင်းကျေးရွာအုပ်စု ၊နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ နောင်မြိုင်းကျေးရွာအုပ်စု၊ ဝမ်ဟေကျေးရွာအုပ်စုများရှိ လယ်ကွင်းများအတွင်း ၁၁၄၇ ဒသမ ၈၁ ဧက ရေနစ်မြုပ်ခဲ့ရာ ယနေ့တွင် ၄၆၅ ဒသမ ၄၄ ဧက ရေပြန်ပေါ်‌ကြောင်းနှင့် ၆၈၂ ဒသမ ၃၇ ဧကမှာ ရေနစ်မြုပ်ဆဲဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မြို့နယ် (ပြန်/ဆက်)