အခြေခံပညာအထက်တန်းကျောင်းခွဲ (ပေပင်ကြီး)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဩဂုတ်လ ၂၆ ရက်နေ့ နေ့လယ်(၁)နာရီ အချိန်ခန့်က ပေပင်ကြီးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ပေပင်ကြီး)၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ယာဉ်တိုက်မှုလျော့နည်းပပျောက်စေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံစိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးရာသီ၌ စိုက်ပျိုးသော မိုးမြေပဲစိုက်ခင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ပင်းတယမြို့နယ်တွင် (EM) ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်းအား လက်တွေ့ပြုလုပ် ပြသဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ တောင်သူများအား ဓာတ်မြေဩဇာများနှင့် သဘာဝမြေဩဇာများကို မိမိကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်ရန်နှင့် သဘာဝမြေဩဇာများကို အချိန်ကိုက်အချိုးကျ သုံးစွဲခြင်းအားဖြင့် ဓာတ်မြေဩဇာသုံးစွဲမှု လျော့ကျစေရန်ရည်ရွယ်၍ (EM)ဘိုကာရှီပြုလုပ်သုံးစွဲနည်းနှင့် Super ဘိုကာရှီပြုလုပ်ခြင်း ကွင်းဆင်းသရုပ်ပြခြင်းကို ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပွေးလှကျေးရွာ၊ မြင်းမူးကျေးရွာနှင့် ကျုံးကျေးရွာများသို့ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း၍ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့အဝင် တံစိုးဂိတ်လမ်းအား ကျောက်ပျက်လမ်း(၇၀၀)ပေနှင့် လမ်းလယ်ကျွန်း ဘယ်ညာ(၂)လမ်းအား ကတ္တရာ(၁၅၀၀)ပေခင်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာ(၃၇)ရွာတို့အား တိုက်ရိုက်အကျိုးပြုမည့် ကျောက်ဆည်မြို့အဝင် တံစိုးဂိတ်လမ်းအား ကျောက်ပျက်လမ်း(၇၀၀)ပေနှင့် လမ်းလယ်ကျွန်း ဘယ်ညာ(၂)လမ်းအား ကတ္တရာ(၁၅၀၀)ပေ ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ဖျာပုံမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူမည့်အကြောင်း ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အထက (ဖျာပုံတမံ)ကျောင်းတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများသည်နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူမည့်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းပြုလုပ်​ ဆောင်ရွက်ကြသည်။

သရက်ချောင်းမြို့၌ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

လင်းခေးတွင် မိုးအဆက်မပြတ်ရွာသွန်း၍ နမ့်တိန်းချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်တိန်းချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် (Community centre) ခန်းမ၌ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အခြေခံမုန့်လုပ်နည်း (အခမဲ့)ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားစေရေးရည်ရွယ်၍ မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင် ဧည့်မထဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်ဖြင့် ဧည့်မထ(ဇီယာ)ဆန်တစ်ပြည်ကို (၃၅၀၀/-)ကျပ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကော့သောင်းမြို့နယ်၊ ဆန်စပါးလုပ်ငန်းအသင်း‌ရုံး‌‌နေရာတွင် အသင်းသူ၊ အသင်းသူများက ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ‌ကြောင်း သိရသည်။
Subscribe to