မိုးနဲမြို့နယ် ဥယျာဉ်(အ.မ.က)ကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မိုးနဲမြို့နယ် ဥယျာဉ်(အ.မ.က)ကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲကျင်းပ မိုးနဲ ဩဂုတ် ၂၇ မြို့နယ်(ပြန်/ဆက်)

ခမောက်ကြီးမြို့တွင် ဝါဆိုသင်္ကန်းနှင့်‌ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် (အ.ထ.က) ခမောက်ကြီး‌ကျောင်း၊ ပညာရေးမိသားစုမှ ရဟန်းသံဃာရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့တွင် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်မည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး‌ရေး‌ဆောင်ရွက်သည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို လွိုင်လင်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ မွေတော်ဘုရားဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက ကျင်းပပါသည်။

မြို့သစ်မြို့နယ်၌ ဆန်များအား ရည်ညွှန်းစျေးအတိုင်း ပုံမှန်ရောင်းချနိုင်ရန် ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စားသုံးဆီဆိုင်များ၊ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်ညွှန်းအမှတ်အသားများပါရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့၊ မြို့မစျေးနှင့် ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရှမ်းပြည်နယ်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ တောင်ကြီးဌာနခွဲရှိ စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံနိုင်ရေး လာရောက်ရှင်းလင်း

ရှမ်းပြည်နယ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တောင်ကြီးဌာနခွဲ၊ စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လာရောက် ရှင်းလင်းကြောင်း သိရသည်။

သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to