ဖျာပုံမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူမည့်အကြောင်း ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဖျာပုံ သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အထက (ဖျာပုံတမံ)ကျောင်းတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများသည်နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူမည့်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းပြုလုပ်​ ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအသိပညာ​ပေး ဟောပြောခြင်းကို ဖျာပုံမြို့နယ် အ.ထ.က(ဖျာပုံတမံ) ကျောင်းခန်းမ၌ ပြုလုပ်ရာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးသန့်ဇင်က သန်းခေါင်စာရင်း ကောက်ယူမည့် ရည်ရွယ်ချက်၊ ကောက်ယူမည့် အချိန်ကာလ၊ သန်းခေါင်စာရင်းတွင် ထည့်ကောက်ရမည့်သူနှင့် ထည့်မကောက်ရမည့်သူများ၊ မှန်ကန်စွာ ဖြေဆိုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူများ၊ ဖြေကြားသည့် အချက်အလက်လုံခြုံစိတ်ချရေးနှင့် အကာအကွယ်ပေးသည့် ဥပဒေပြဌာန်းထားမှုအပါအဝင် သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအား အသေးစိတ်ရှင်းလင်းပြောကြားသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများ၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၈၀)ယာဥ်ထိန်းတပ်ဖွဲ့စု(ဖျာပုံ)မှ တပ်ဖွဲ့ဝင်များသည် ဖျာပုံမြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် သန်းခေါင်စာရင်းကောက်ယူမည့် အကြောင်းအသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေ​ ပေးခြင်းနှင့်အသိပညာပေး နံရံကပ်ပိုစတာများ​ပြသပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)