နိုင်ငံတော်ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် မိမိတို့မြို့နယ်အတွင်း လုံခြုံရေးကိစ္စရပ်များတွင် တစ်ဖက်တစ်လှမ်းမှ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ စစ်ဌာနေအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စိတ်အေးချမ်းသာယာစွာ လုပ်ကိုင်နိုင်စေရန်နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အထောက်အပံ့ဖြစ်စေရန်အတွက် စသည့်တို့ကိုရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ဆန်၊ဆီ (ရိက္ခာများ) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် ဝန်ထမ်းများ၊ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ၊ စုစုပေါင်း အင်းအား(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။