ဒေးဒရဲမြို့နယ် (Community centre) ခန်းမ၌ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အခြေခံမုန့်လုပ်နည်း (အခမဲ့)ဖွင့်လှစ်သင်ကြား

ဒေးဒရဲ သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားစေရေးရည်ရွယ်၍ မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်း အခြေခံမုန်းလုပ်နည်းများ ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များ၊ ဌာနအနေဖြင့် ပြည်သူအကျိုးပြု ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မိုးသီတာအောင်က ယိုးဒယားသာကူမုန့်ပြုလုပ်နည်းများကို သင်ကြားပြသပေးခဲ့ရာ မြို့နယ်အတွင်းရှိ မုန့်လုပ်ငန်းစိတ်ပါဝင်စားသူ သင်တန်းသူ(၂)ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

သင်တန်းအပြီးတွင် တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း