ကျောက်ဆည် ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ယာဉ်တိုက်မှုလျော့နည်းပပျောက်စေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လမ်းလျှောက်သူများအနေဖြင့် လမ်းဖြတ်ကူးပါက လိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် ခရီးသွားပါက သတ်မှတ်ယာဉ်ကြောမှ မောင်နှင်ကြရန်၊ တစ်စီးနှင့်တစ်စီး ကပ်လိုက်ပြီး မောင်းနှင်ခြင်းမပြုကြရန်၊ လုမမောင်းကြရန်၊ လမ်းမကြီးမှယာဉ်ကို ဦးစားပေးရန်၊ လမ်းကွေ့ပါက ကြိုတင်အချက်ပြရန်၊ လမ်းဆုံလမ်းကွေ့များတွင် အရှိန်လျော့မောင်းကြရန်၊ မော်တော်ဆိုင်ကယ် စီးနှင်ပါက လုံခြုံစိတ်ချရသောဆိုင်ကယ်စီးဦးထုပ်များဆောင်းပြီး မေးသိုင်းကြိုတပ်ဆင်ကြရန်၊ လမ်းပြောင်ပြန်မမောင်းရန် စသည့်လိုက်နာရမည့် စည်းကမ်းများအကြောင်း ဟောပြောခဲ့သည်။
ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ(၂၀၂၀)တွင် ပြဌာန်းထားသော ပုဒ်မ၇၅ ပါအကြောင်းအရာများနှင့် ပုဒ်မ(၇၆)၊ (၇၇)၊ (၈၀)၊ (၈၁)၊ (၈၂)၊ (၈၃)၊ (၉၆)၊ (၉၇)အကြောင်းများနှင့် ရဲအရေးပိုင်ပုဒ်မများဖြစ်သည့် ပုဒ်မ(၇၈)၊(၇၉)၊(၈၄)(၈၅) အကြောင်းအရာများအား ဟောပြောခဲ့ရာ အသိပညာပေးဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)