နေပြည်တော်ကောင်စီဝင် ဦးမင်းဦး နေပြည်တော်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)၏ ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့စရိတ် ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)မှ ဦးစီးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတန်းစုံတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ.ထ.က(ဝါးတော) ကျောင်း၏ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါ ကျောင်းဝင်းတွင် ကျင်းပသည်။

လိပ်သိုဒေသထွက် ကော်ဖီမှုန့်စစ်စစ်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများမှာ မိမိတို့၏ ဥယျာဉ်ခြံများတွင် ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြပြီး ထွက်ရှိလာသော ကော်ဖီစေ့များကို အမှုန့်ကြိတ်၍ ရောင်းချခြင်းဖြင့် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် အ.ထ.က (စဉ့်ကိုင်)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

စဉ့်ကိုင်မြို့နယ် အ.ထ.က (စဉ့်ကိုင်)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ စဉ့်ကိုင် ဩဂုတ် ၂၇ ကျော်စွာသိန်း

ပခုက္ကူမြို့ပေါ် ရပ်ကွက်များရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ယနေ့ နံနက် (၈) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၉နာရီက အမရပူရမြို့၊ တောင်ကြီးရပ်ကွက် လောကမာရဇိန်ဘုရား ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍  ယနေ့နံနက်(၉)နာရီအချိန်က အ‌ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သူဌေးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် သူဌေးကုန်းကျေးရွာ၌ ဒေသခံပြည်သူများ ရာသီမရွေးသွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်ပြသ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ၊ ဒေသခံပြည်သူများ၊ သက်ကြီးရွယ်အိုများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို သိရှိစေရန်အတွက် ယမန်နေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဩဂုတ်လ (၂၆) ရက်နေ့ ညပိုင်းမှစ၍ မိုးများသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများစီးဆင်းမှုကြောင့် ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြေနိမ့်ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
Subscribe to