ကော့သောင်းမြို့တွင် ဧည့်မထဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ

ကော့သောင်း ဩဂုတ် ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်ဖြင့် ဧည့်မထ(ဇီယာ)ဆန်တစ်ပြည်ကို (၃၅၀၀/-)ကျပ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကော့သောင်းမြို့နယ်၊ ဆန်စပါးလုပ်ငန်းအသင်း‌ရုံး‌‌နေရာတွင် အသင်းသူ၊ အသင်းသူများက ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ‌ကြောင်း သိရသည်။

စားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတိုးမြှင့်နေသည့် ကာလတွင် အခြေခံပြည်သူများအား တဖက်တလှမ်းမှ အကူအညီဖြစ်စေရန် ရည်ရွယ်၍ ဇွန်(၂၇)ရက်နေ့မှစ၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းနှင့် တာဝန်ရှိသူများသည် ဧည့်မထ(ဇီယာ)ဆန်များအား (၃၅၀၀/-) ကျပ်ဖြင့် နံနက်(၉)နာရီခွဲမှ (၁၁)နာရီခွဲအတွင်း ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိပြီး အခြေခံပြည်သူများအတွက် ယခုကဲ့သို့ စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးမှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)