ဌာနဆိုင်ရာများတွင်တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ နယ်မြေမီးသတ်စခန်းရုံးတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများပြုလုပ်သည်။

စဉ့်ကိုင်မြို့နယ် အ.ထ.က (စဉ့်ကိုင်)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အ.ထ.က(စဉ့်ကိုင်)ရှိ သဇင်ခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်၊ လူအများအလယ်တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ နှုတ်မှုစွမ်းရည်၊ အပြောစွမ်းရည်များ တိုးတက်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်တွင် ဈေးကွက်ဝင်ကောက်ညှင်းယာစပါး အောင်မြင်ဖြစ်ထွန်းနေမှုအား ဒေသခံတိုင်ရင်းသားများနှင့်အတူ ကြည့်ရှု

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုက်ဟိုင်းကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာ ကွင်းအမှတ် ၇၆ တောင်သူဦးစိုင်းလူ၏ ယာမြေ (၄) ဧကနေရာတွင် ဈေးကွက်ဝင်ကောက်ညှင်းယာစပါးမျိုးကွဲ ထိုင်းကောက်ညှင်းမျိုးကို ဇွန်လ‌ နောက်ဆုံးပတ်က စတင်စိုက်ပျိုးခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသခံတိုင်းရင်းသားများနှင့်အတူ ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်းသိရသည်။

မဟာဂန္ဓာရုံကျောင်းတိုက်တွင် နွမ်းပါးသူများကို ဆန်နှင့် ငွေသားများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၂) ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သြဂုတ် ၂၅ ရက် မွန်းလွဲ ၁ နာရီက မဟာဂန္ဓာရုံဆရာတော်အမှူးပြု၍ ကိုးရီးယားဗုဒ္ဓဘာသာအဖွဲ့က နွမ်းပါးပြည်သူ ၅၀၀ ဦးအား ဆန်နှင့် ငွေသားများကို အဋ္ဌမအကြိမ်မြောက် လှူဒါန်းခဲ့‌ကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီခွဲက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်ပန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
Subscribe to