ကမာရွတ်မြို့နယ်တွင် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်(၉း၃၀)အချိန်က ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း သပြေခန်းမတွင် ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

မုံရွာတက္ကသိုလ်၌ မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

နိုင်ငံတကာပြည်သူ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်တွင် Mpox(မျောက်ကျောက်)ရောဂါကူးစက်မှုအား ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် Mpox(မျောက်ကျောက်)ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း (သို့မဟုတ်)ရောဂါ သံသယလက္ခာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပေးပို့၍ လိုအပ်သောစစ်ဆေး (စမ်းသပ်မှုနှင့်ကုသမှုခံယူရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် မျောက်ကျောက်ရောဂါကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် U-14(Boys) Royal-D Cup ဘောလုံးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက သထုံလမ်းဘောလုံးအားကစားကွင်း၌ ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာစေရေးဦးတည်ကာ ကမာရွတ်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံအသက်(၁၄)နှစ်အောက် U-14(Boys) Royal-D Cup ဘောလုံးပြိုင်ပွဲကိုကျင်းပခဲ့သည်။

နတ်မောက်မြို့နယ်၌ ခွင့်ပြုရန်ပုံငွေဖြင့် သူရိန်လမ်းအုတ်ရေမြောင်းဆောက်လုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များ၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် သူရိန်လမ်း အုတ်ရေမြောင်းတူးဖော်ခြင်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centreခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း အကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာနေလှိုင်၏ အောင်မြင်ပြီးမြောက်ရေး၏ လျှို့ဝှက်ချက်များစာအုပ်အား ယမန်နေ့နေ့လယ် (၂) နာရီအချိန်က (Community Centre) ခန်းမ၌   စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ထောက်ပံ့

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာလာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကော့လှိုက်ကျေးရွာတွင် သံလွင်မြစ်ကမ်းပြို အရေးပေါ်မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများမြင့်တက်လာသည့်အတွက် သံလွင်မြစ်ကမ်းဘေး ကော့လှိုက်ကျေးရွာအုပ်စုအတွင်း မြစ်ကမ်းပြိုကျမှုများ ဖြစ်ပွားခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၂၇ ရက်နေ့ထိ လူနေအိမ် (၁၆) လုံးကို ဖယ်ရှားပြောင်းရွှေ့ပေးခဲ့ရကာ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနမှ အရေးပေါ်မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်တက္ကသိုလ်၌ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ ပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအုပ်စု၊ တောမကျေးရွာ၊ ကျောက်ဆည်တက္ကသိုလ်၌ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ ပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စဉ့်ကိုင်​မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဦးအောင်ဆန်းဦး၊ စဥ့်ကိုင်မြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးစွမ်းရည်ထက်မြတ်၊ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ကထိကများ၊  နည်းပြ/သရုပ်ပြ ဆရာ/မများနှင့် နေ့သင်တန်း ကျောင်းသား/သူများ စုစုပေါင်း အင်အား(၁၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ဟုမ္မလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ကက်သာစံပြကျေးရွာ)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် ငယ်စဉ်ကတည်းက စာဖတ်သည့်အလေ့အ‌ကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ဌာနဆိုင်ရာများနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက ကက်သာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း သရဖီဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to