ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် Mpox မျောက်ကျောက်ရောဂါကာကွယ်ရေးအသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Mpox မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။

မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကို မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးကော်မတီတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အ.လ.ကခွဲ(တောမ/ထက်) စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဇလွန်မြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် လာရောက်သူကြသူများနှင့် တာဝန်ရှိသူများ၏ ရင်တွင်းစကားသံများ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်သော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတွင် လာရောက်လေ့လာကြသော ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ရင်တွင်းစကားသံများကို ယခုလိုကြားသိရပါတယ်.......

မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံမိုးနေကြာရိတ်သိမ်းနေမှုနှင့် မျိုးစေ့ထုတ်စိုက်ခင်းများအား တာဝန်ရှိသူများ ကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုက်ဖယ်ကျေးရွာတွင် မိုးရာသီကာလ မျိုးစေ့ထုတ်စံပြစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုနှင့် ဆီထွက်သီနှံမိုးနေကြာ စတင်ရိတ်‌သိမ်း‌နေမှုအား မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့‌ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်​လာစေရန်အတွက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

မြန်အောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ယမန်နေ့နံနက်က အ.ထ.က(၂)မြန်အောင် နေခြည်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

မိုင်းခတ်မြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ လူငယ်နှင့်အားကစားဆိုင်ရာ လူငယ်‌ရေးရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ လူငယ်ကဏ္ဍမြှင့်တင်‌ရေး ကျောင်းသား၊ ကျောင်းသူများ အားကစားဖြင့် အကောင်အထည်ဖော်ဆောင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုး‌ရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to