ဟုမ္မလင်း ဩဂုတ် ၃၀
ကျောင်းသားလူငယ်များ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် ငယ်စဉ်ကတည်းက စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ဌာနဆိုင်ရာများနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက ကက်သာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း သရဖီဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲ၌ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းဌေးက ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍လည်း ကောင်း၊ မြို့နယ်တရားသူကြီး ဦးကျော်ဝင်းခန့်က ယာဥ်စည်းကမ်းလမ်းစည်းကမ်ဥပဒေ၊ တရားစီရင်ရေးဥပဒေနှင့် အထွေထွေဗဟုသုတများ၊ မြို့နယ်ဥပဒေအရာရှိ ဦးအေးခန့်ထွန်းက ဥပဒေအကြောင်း သိကောင်းစရာများ လူကုန်ကူးမှုအန္တရာယ်များ အကြမ်းဖက်မှုများက လေးအလုပ်သမားပပျောက်စေရေး အကြောင်းများကိုလည်းကောင်း၊ မြို့နယ်မူးယစ်တပ်ဖွဲ့စု(၉) ခေတ္တတပ်ဖွဲစုမှူး ဒုရဲမှူးမြင့်အောင်က မူးယစ်ဆေးဝါး၏အန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ထိုက်က “စွန့်ပစ်အမှိုက်အန္တရာယ် သတိပြုဖွယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဧဆက်က လူငယ်နှင့်လူမှုမီဒီယာအကြောင်း သိကောင်းစရာများနှင့် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေရန်အတွက် စာပေလေ့လာဖတ်ရှုရန် လိုအပ်ကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားကာ အမှားနှင့်အမှန်ကို ခွဲခြားနိုင်မည်ဖြစ်ကြောင်း၊ စာပေမှရရှိသည့် အသိဖြင့် မိမိတို့ဘဝရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်ဇင်က မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုကြပြီး ဖတ်ရှုလိုသည့်စာအုပ်စာစောင်များကိုလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ငှားရမ်းပေးခဲ့ကြကြောင်းနှင့်ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)