နတ်မောက်မြို့နယ်၌ ခွင့်ပြုရန်ပုံငွေဖြင့် သူရိန်လမ်းအုတ်ရေမြောင်းဆောက်လုပ်

နတ်မောက် ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များ၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် သူရိန်လမ်း အုတ်ရေမြောင်းတူးဖော်ခြင်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သူရိန်လမ်းအုတ်ရေမြောင်းတူးဖော်ခြင်းကို အရှည် ၉၁ ဒသမ ၄၄ မီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာနှင့်ထု ၀ ဒသမ၂ မီတာရှိ အုတ်ရေမြောင်းအား ခွင့်ပြုရန်ပုံငွေ  ၁၄ ဒသမ ၄၆ ကျပ်သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်ရေးအတွက် တူးဖော်ထားရှိသော ရေမြောင်းများအား ပြုပြင်ဆောင်ရွက်ခြင်း၊ လိုအပ်သည့်နေရာများတွင် အသစ်ထပ်မံတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။

လှဝင်း