ကမာရွတ်မြို့နယ်တွင် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

ရန်ကုန် သြဂုတ် ၃၀

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်(၉း၃၀)အချိန်က ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း သပြေခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ​ဟော​ပြောပွဲသို့ ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ စီမံအဖွဲ့ဝင်(၂)ဦးစိုးရန်နိုင်၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးမြင့်စိုး၊  မြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဆန်းထွန်း၊ အ.ထ.က(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၃၈၀)ဦးခန့်တက်​ရောက်ခဲ့ပါသည်။
ထို့နောက် မြို့နယ်စီမံအဖွဲ့ဝင်(၂) ဦးစိုးရန်နိုင်နှင့်  မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှရဲမှူးမြင့်စိုးတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အ​ကြောင်းကိုလည်​ကောင်း အသိပညာပေးဟောပြောခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းနှင့် လက်ကမ်းစာ​စောင်များ ဖြန်​ဝေ​ပေးခဲ့​ကြောင်းသိရပါသည်။
မြို့နယ်(ပြန်ဆက်)