ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြေဆီလွှာတန်ဖိုးအကြောင်း အသိပညာပေး (Talk Show) ကျင်းပ

ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြေဆီလွှာတန်ဖိုးအကြောင်း အသိပညာပေး (Talk Show) ကျင်းပ ဟိုပုံး ဩဂုတ် ၃၀ ခရိုင် (ပြန်/ဆက်)

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မှော်ဘီ၊ မင်္ဂလာဒုံ၊ လှည်းကူးခရိုင်အဆင့်ဖွင့်ပွဲအခမ်းအနားကျင်းပ

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် မှော်ဘီ၊ မင်္ဂလာဒုံနှင့် လှည်းကူးခရိုင်တို့ပူးပေါင်း၍ကျင်းပပြုလုပ်ခဲ့ကြသည်။

ပေါင်းတည်မြို့၌ ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအကြောင်း ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အ-ထ-က(မြို့မ)၌ ယနေ့နံနက် ၉ နာရီက ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအကြောင်း ဟောပြောပွဲကျင်းပပြုလုပ်သည်။

ကန့်ဘလူခရိုင်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ဝန်ထမ်းများစာပေဖတ်ရှုမှုအလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့်မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ဓာတ်များ ကိန်းအောင်းလာစေရန်အတွက် ရန်ကုန်ဘဆွေရေးသားသည့် သေသော်မှတည့် သော်ကောင်း၏စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၃ နာရီက ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်၍ ပြန်လည်ဆွေးနွေးမျှဝေခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်ငါးနှစ်​အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်ငါးနှစ်အောက်အရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံခြင်းကို ယမန်နံနက် ၉ နာရီက ကမာရွတ်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန၌ က​လေးငယ်များကို ကာကွယ်‌ဆေးတိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား တက်ရောက်

ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပေးကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေချုပ်ရုံး ဝန်ထမ်း(၂၄)ဦးအား မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများအား ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ဟိုပုံးမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးစီမံကိန်း” မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ်(၅၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးစုရပ်သတ်မှတ်ပြီး ရပ်ကွက်တာဝန်ရှိသူများပူးပေါင်း၍ နေ့ချင်းပြီးဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုး‌မြေပဲများစတင်နှုတ်သိမ်း တစ်ဧကတင်း(၇၀)ခန့်ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ကျေးရွာများရှိ မိုးမြေပဲစိုက်ပျိုးသည့်တောင်သူများ ယခုရက်ပိုင်းအတွင်းစတင်နှုတ်သိမ်းနေပြီဖြစ်ရာ မိုးဦးမိုးရွာသွန်းမှုအားကောင်းသောကြောင့် အပင်ဖြစ်ထွန်းမှုနှင့်ဥနှုန်းအား‌ကောင်းကြောင်း မိုး‌မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
Subscribe to