ရွှေတောင်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်(၄)ခုဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်(၄)ခုဖြင့် ဗီယက်နမ်မျိုးစပါးအား စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၄၁၉(B)ကွန်းညှပ်စင်ကွင်းအတွင်းရှိ တောင်သူဦးခင်မောင်အေး၏ လယ်မြေ(၁)ဧကတွင် ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးမြေစိုက်ဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး မြေစိုက်ဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ အမှတ်(၂) မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် စုပေါင်းစိုက်ထူခဲ့သည်။

မိတ္ထီလာမြို့နယ် တောင်းကောက်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် တောင်းကောက်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဆဋ္ဌအစည်းအဝေးကျင်းပ

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ ဆဋ္ဌအကြိမ် ဆဋ္ဌအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်း၍ ကွင်းဆင်း‌ဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်‌ရေး သင်တန်းဖွင့်လှစ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော "ကွင်းဆင်း‌ဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်‌ရေးသင်တန်းဖွင့်ပွဲ"ကို ယ‌မန်နေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့်တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ခန္တီးမြို့၌ ပင်ပိုင်းဆိုင်ရာမျိုးပွားခြင်း နည်းစနစ်များ တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ပြည်သူများအား သစ်သီးဝလံပင်များတွင် ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းစနစ်များ ရင်းနှီးကျွမ်းဝင်လာစေရန်နှင့် ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းစနစ် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ သိရှိလာစေရန် ရည်ရွယ်၍ ပင်ပိုင်းဆိုင်ရာ မျိုးပွားခြင်း နည်းစနစ်များ တောင်သူနည်းပညာပေး သင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း အခြေခံစားသောက်ကုန် ပြည့်ဝဖူလုံရေး ညှိနှိုင်းဆွေးနွေး၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ၊ ကျောင်းကျန်းမာရေး သီတင်းပတ် ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အခြေခံစားသောက်ကုန် ပြည့်ဝဖူလုံရေးနှင့်ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်စီးဆင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်‌ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အတွင်းရှိ ကုန်သည်အသင်းကြီးများ၊ ကုန်စည် ပို့ဆောင်ရေးနှင့် ဆက်စပ်သည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

သံတောင်ကြီးဒေသထွက် မျှစ်ခြောက်များ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများသဘာဝအတိုင်းပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့် မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန် မျှစ်ခြောက်များပြုလုပ်ကြသည်။ မျှစ်များလှိုင်လှိုင်ထွက်ရှိသည့် ယခုအချိန်တွင် မျှစ်ခြောက်များပြုလုပ်ရောင်းချခင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ခန္တီးမြို့၌ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပြည်သူများအား လယ်ယာမြေများနှင့် ပတ်သက်၍လည်းကောင်း၊ မြေယာနှင့် ပတ်သက်၍လည်းကောင်း သိရှိနားလည်လာစေရန် ရည်ရွယ်၍ တောင်သူပညာပေး နွေးဆွေးပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to