လယ်ဝေးမြို့နယ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

လယ်ဝေး သြဂုတ် ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာကျော်၊ မြို့နယ်ပညာရေးမှူး ဦးအောင်လွင်နှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား ကျောင်းသူလေးများက အစာအုပ်စုသုံးခုအကြောင်း ရှင်းလင်းတင်ပြခြင်း၊ ဆေးဖက်ဝင်မီးဖိုချောင်သုံး ပစ္စည်းများ၏အသုံးဝင်ပုံ၊ ဆေးဖက်ဝင်ပရဆေးပင်များ၏ အသုံးဝင်ပုံတို့ကို ရှင်းလင်းပြောကြားခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သန့် ၄ သန့်၊ သွားတိုက်နည်းသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား ကျောင်းသူလေးများအား သွားကျန်းမာရေးစစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)