မရမ်းကုန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မရမ်းကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)၏၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ မျိုးဂုဏ်ရောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးဆောင် မိဘဆရာအသင်းနှင့် ကျောင်းသား၊ ကျောင်းသူ မိဘများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြော

၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။

မိုင်းဖြတ်မြို့နယ်၌ ရပ်ကွက်ချင်းဆက်လမ်းတံတား ပြန်လည်​ဆောင်ရွက်နေမှုအားကြည့်ရှုစစ်​ဆေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် (၁၁) နာရီက မိုးသည်းထန်စွာရွာသွန်းခြင်း​ကြောင့် ရပ်ကွက်ချင်းဆက်လမ်း​ပေါ်တွင် Box Culvert တံတားနှင့် ကွန်ကရစ်လမ်း ပြန်လည်​ဆောင်ရွက်​နေမှု အ​ခြေအ​နေများကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး(ECI) မိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့က ကလေး/သူငယ်မိဘများနှင့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး(ECI) မိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Subscribe to