ပန်းတောင်း သြဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကို မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးကော်မတီတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အ.လ.ကခွဲ(တောမ/ထက်) စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အ.လ.ကခွဲ(တောမ/ထက်)ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ဆရာခွန်နေဒူး(သနီမြေ)မှ “လောကဓမ္မရာဇအကြောင်းနှင့်ကဗျာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမောင်တည်ခိုင်(ပန်းတောင်း)မှ “စာဖတ်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာအောင်နွေဦးမှ “စာဖတ်ခြင်းဖြင့်လောကကိုအလှဆင်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား/သူများအား သုတ/ရသစာပေအကြောင်းအရာများဟောပြောခဲ့ပြီး ကျောင်းသား/သူ များကိုယ်စား ဆရာမတစ်ဦးမှကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)