ကျိုက်ထိုမြို့နယ်တွင် Mpox မျောက်ကျောက်ရောဂါကာကွယ်ရေးအသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကျိုက်ထို  ဩဂုတ်  ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Mpox မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးဆန်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာခွန်မောင်အိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက Mpox (မျောက်ကျောက်)ရောဂါကာကွယ်ရေးနှိုးဆော်ချက် မြေစိုက်ပိုစတာအား စိုက်ထူကြပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဈေးသွားဈေးလာပြည်သူများနှင့် ခရီးသွားပြည်သူများအားဖြန့်ဝေ၍ ဌာနဆိုင်ရာရုံးများ၌ အသိပညာ‌‌ပေးနှိုးဆော်ချက်ပိုစတာကပ်ထားမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ အသိပညာပေးလှုပ်ရှားမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာခွန်မောင်အိုးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်