မြန်အောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပ

မြန်အောင် သြဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ယမန်နေ့နံနက်က အ.ထ.က(၂)မြန်အောင် နေခြည်ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်ကြသည့် ကျောင်းသား ကျောင်းသူများအား သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ပဟေဠိမေးခွန်းများမေးမြန်းရာ မှန်ကန်စွာဖြေဆိုနိုင်သူ ကျောင်းသားကျောင်းသူများအား သန်းခေါင်စာရင်းကောက်ယူခြင်း အင်္ကျီ(T-Shirt)တို့အား အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)