ကြံခင်းမြို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှု ထိန်းချုပ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ စုံလင်စွာ ရရှိစေရန်နှင့် လေ့လာမှတ်သားတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှု ထိန်းချုပ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။