မိုင်းခတ်မြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ လူငယ်နှင့်အားကစားဆိုင်ရာ လူငယ်‌ရေးရာ အသိပညာပေးဟောပြော

မိုင်းခတ် သြဂုတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ လူငယ်ကဏ္ဍမြှင့်တင်‌ရေး ကျောင်းသား၊ ကျောင်းသူများ အားကစားဖြင့် အကောင်အထည်ဖော်ဆောင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုး‌ရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)  နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်‌ဌေးက ကျောင်းသား၊ ကျောင်းသူလူငယ်များ အားကစားဖြင့် လူငယ်ကဏ္ဍများ မြှင့်တင်‌ဖော်ဆောင်ကြရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးအ‌ကြောင်း အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား Fitness Dance အကဖြင့် သရုပ်ပြသ ကပြခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်‌ဌေးက‌ ကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က လက်ခံရယူပြီး၊ ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ ကစားသမားများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)