မိုးနဲ ဩဂုတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုက်ဖယ်ကျေးရွာတွင် မိုးရာသီကာလ မျိုးစေ့ထုတ်စံပြစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုနှင့် ဆီထွက်သီနှံမိုးနေကြာ စတင်ရိတ်သိမ်းနေမှုအား မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မျိုးစေ့ထုတ်စံပြစိုက်ခင်များ စိုက်ပျိုးထားရှိမှု၊ ရှင်သန်အောင်မြင်နေမှုအခြေအနေနှင့် ဆီထွက်သီးနှံစပ်မျိုး (၁) မိုးနေကြာ အဖိုလိုင်းရိတ်သိမ်းနေမှုအခြေအနေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးက ရှင်းလင်းတင်ပြရာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ရိတ်သိမ်းပြီး နေကြာများကို အချိန်မီအမိုးအကာအောက်သို့ရောက်ရှိရေး ကူညီဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး မျိုးစေ့ထုတ်စိုက်ခင်းများအဖြစ်သော မြေပဲ၊ နေကြာ၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)၊ ပဲပုပ်နှင့် ပဲစင်းငုံများ အောင်မြင်မြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)