ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံတောင် ဩဂုတ် ၃၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအားလုံး နိုင်ငံ‌တော်အလံအား တစ်နေ့နှစ်ကြိမ် အတင်အချပြုလုပ်ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများသက်သာ‌ချောင်ချိရေး ဆိုင်ရာကိစ္စရပ်များဆောင်ရွက်မှု ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များနှင့်ပတ်သက်၍ အရှိန်အဟုန်မပြတ်ဆောင်ရွက်ကြရန်၊ ပြည်သူက အားကိုးယုံကြည်ရသော နိုင်ငံဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများအား ကြိုပမ်းဆောင်ရွက်သွားကြရန်၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး၊ ကျောက်ရောဂါနှင့်ပတ်သက်သည့် ရောဂါကာကွယ်ရေး အကြောင်းအရာများစသည့် ကူးစက်ရောဂါများကာကွယ်နိုင်ရေးတို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် လုံခြုံရေးအထူးသတိရှိစွာ နေထိုင်သွားလာကြရန်‌များစသဖြင့် လမ်းညွှန်ပြောကြားသည်။

ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း‌ဆောင်ရွက်မှုအ‌ခြေအနေများ ဆွေးနွေးတင်ပြကြရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး‌ဌာန မြို့နယ်ဦးစီးမှူးက မြို့နယ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးကိစ္စရပ်များအတွက် သင်တန်းများဖွင့်လှစ်‌ရန် ဆောင်ရွက်ထားရှိမှုများ၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးများနှင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားညွှန်ကြား‌ရေးဦးစီးဌာနစသဖြင့် ဌာနအသီးသီးကတင်ပြကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးပြီး မြို့နယ်အတွင်းလုံခြုံရေးကိစ္စရပ်များအား အလေးထားကြရန် အသီးသီးဆွေးနွေးပြောကြားကြောင်း သိရှိရသည်။

နေမျိုးအောင်