ကျောက်ဆည်မြို့နယ် ထနောင်ပင်လှကျေးရွာ၌ မီးလောင်မှုဖြစ်ပွားရာမှ နေအိမ် (၄) လုံး မီးလောင်ဆုံးရှုံး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ထနောင်ပင်လှကျေးရွာ၌ ယမန်နေ့ နေ့လယ် (၁၁)နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့တွင် ဆီဘောက်ဆာကားနောက်တွဲပြုတ်ကာ ယာဉ်တိုက်မှုဖြစ်ပွား

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့လမ်းဆုံတွင် ယနေ့ နေ့လယ်ပိုင်းအချိန်က ပဲခူးမြို့ဘက်မှ မောင်းနှင်လာသော နောက်တွဲဆီဘောက်ဆာမော်တော်ယာဉ်သည် ဘုရားကြီးလမ်းဆုံမှ ဝေါမြို့ဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် နောက်တွဲယာဉ်နှင့် ဦးခေါင်းပိုင်းချိတ်ဆက်ထားသော ချိတ်မှာ ပြုတ်ထွက်ပြီး ဝေါမြို့ဘက်မှမောင်းနှင်လာသော မော်တော်ယာဉ်၏ ဝဲဘက်ဦးခေါင်း တံခါအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

မလှိုင်မြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ မလှိုင် သြဂုတ် ၃၀ မျိုးဇော်ဇော်ထွန်း

ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် စာအုပ်များ အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ကစ၍ အမှတ် (၆) ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တရားရုံးများတွင် စစ်ဆေးဆောင်ရွက်လျက်ရှိသော အမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ကြရန် လိုအပ်

တရားရုံးများတွင် စစ်ဆေးဆောင်ရွက်လျက်ရှိသော အမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယနေ့နံနက် ၈ နာရီက ကချင်ပြည်နယ် တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုတရားလွတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၏ (၂၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားတွင်  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာကပြောသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ကျရောက်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ဘားအံမြို့၊ ကရင်ပြည်နယ်ဥပဒေချုပ်ရုံးတွင် ယနေ့နံနက် ၉:၃၀ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာသည် ယခုလတ်တလော အိမ်နီးချင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားနေ၍ မြန်မာနိုင်ငံသို့ ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိ​သည်။
Subscribe to