သထုံမြို့နယ်အတွင်း ဆေးဝါးများ ဈေးနှုန်းမှန်ကန်ရေးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိရေးတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဆေးဝါးများကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းခြခြင်း ရှိ/မရှိအား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ဆေးအရောင်းဆိုင်များ၌ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကန့်ဘလူမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို စက်တင်ဘာ ၂ ရက်နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် အခြေခံပညာအဆင့် အရေးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအဆင့် သီချင်းရေးစပ်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ အခြေခံစားသောက်ကုန်များအား နေ့စဥ်ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူများအား နေ့စဥ်လူမှုဘဝစားသောက်ရာတွင် အလွယ်တကူဝယ်ယူနိုင်ရေးအတွက်  တန်ဖိုးသင့်စားသောက် ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက် တပင်ရွှေထီးလမ်းဘေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် အသက်(၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal – D CUP 2024 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် U  14 Boys Royal  D CUP 2024 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  မြို့နယ်အားကစားကွင်းတွင် ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

စစ်ကိုင်းခရိုင်အဆင့် (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းခရိုင် အဆင့်(၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီက စစ်ကိုင်းပညာရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၈)နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက​   တန်ဖိုးနည်းအိမ်ယာရှိ ရန်ကြီး​အောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ အလွတ်တန်းဘောလုံးခြေစမ်းပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ အလွတ်တန်းဘောလုံးခြေစမ်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to