မိုင်းတုံမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းတုံ စက်တင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြိုယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ည‌နေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့မြို့နယ်ရုံးအဖွဲ့တွေက ကိုယ့်လုပ်ငန်းကိုယ့်တာဝန်ကို ဆောင်ရွက်သည့်အခါ တာဝန်အရမဟုတ်ပဲ လုပ်ငန်းအပေါ် စိတ်ပါဝင်စားစွာဖြင့် ထိရောက်မှုရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ရဲကျန်းမာရေးကောင်းမှ လုပ်ငန်းလုပ်ရာ၌ တွင်ကျယ်မှာဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင်စောင့်ရှောက်ကြဖို့လိုလာကြောင်း၊ ကျွန်တော်တို့တာဝန်ကျတဲ့မြို့ကို သာယာလှပစေရေးအတွက်ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းကာ အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာစာကြည့်တိုက်တွေပြန်လည်ရှင်သန်အောင်၊ပြန်/ဆက်နဲ့ပူးပေါင်း၍ တစ်လတစ်ကြိမ် စတင်ကွင်းဆင်းနေပြီဖြစ်ကြောင်း၊ ရပ်ကျေးစာရေးတွေကလည်းမိမိတို့လုပ်ရမည့်လုပ်ငန်းကိုအချိန်နဲ့တစ်ပြေးညီတင်နိုင်အောင်ဆောင်ရွက်ကြရန်နှင့် ရပ်‌ကျေးစာ‌ရေးများကလည်း လူဦးရေအလျော့အတိုးတွေကိုပုံမှန်ကောက်ပြီး အချိန်မီတင်ပြကြရန်အစရှိသည်တို့ကို အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီအရာရှိ ဦးအောင်အောင်ထွန်းက ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်သည်များကို ဖြည့်စွပ်ရှင်းလင်းခြင်း၊ မြို့နယ်ပြန်/ဆက်မှ ဦးစီးအရာရှိ‌ ဒေါ်ဝင်းဝင်းခိုင်ကလည်း‌ ကောင်း၊မြို့နယ်တိမွေးကုဦးစီးကလည်းကောင်း၊ မြို့နယ်နတလမှလက်ထောက်ညွှန်ကြားရေးမှူး‌ ဦးစောလွင်မိုးကလည်းကောင်း၊ မြို့နယ်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်ကလည်းကောင်း၊ မိမိတို့လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြ‌ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)