ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁ ရက်နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင်အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများတိုက်ကျွေး

မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ကျွဲကောပင်များ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်ပြီး စျေးကောင်းရရှိ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသများနှင့် မြို့အနီးဝန်းကျင်တစ်ဝိုက်တွင် မြေအောက်ရေကိုအသုံးပြု၍ ကျွဲကောပင်များ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အမျိုးသမီးအခြေခံ အပ်ချုပ်စက် ၂ လ သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်စေရန်၊ အမျိုးသမီးများ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲမှုလျော့ချစေရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေကာ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် (၂) လအကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုပညာ (အမျိုးသမီးအခြေခံအပ်ချုပ်စက်) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမအတွင်း ကျင်းပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် ၂၀၂၄ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကဝမြို့နယ်ငါးထပ်ကြီးဘုရားရင်ပြင်တော်ပေါ်တွင် ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၂/၂ဝ၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်ဥပဒေချုပ်ရုံးနှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂/၂ဝ၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ်ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်သည်။

သုံးခွမြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

မြစ်သားမြို့နယ် မြို့မအရှေ့ ရပ်ကွက်/ကင်းတားဝန်း လမ်းမကြီး (ဝဲ၊ယာ) တစ်လျှောက်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပရေးအတွက် ရေဆိုးထုတ်အုတ်ရေမြောင်းများ တူးဖော်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ် မြို့မအရှေ့ရပ်ကွက်/ကင်းတားဝန်း လမ်းမကြီး(ဝဲ၊ယာ) တစ်လျှောက်၌ မိုးရာသီကာလအတွင်း ရေကြီး၊ ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်း ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ ရေဆိုးထုတ်အုတ်‌ရေမြောင်းများ တည်ဆောက်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် မွေးမြူရေးချေးငွေရယူလိုသူ မွေးမြူရေးခြံများ၏ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(မြို့နယ်မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ) ဦးဟံဝင်းအောင်နှင့်အဖွဲ့များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) မတည်ထောက်ပံ့ငွေမှ မွေးမြူရေးချေးငွေရယူလိုသူ မွေးမြူရေးခြံများ၏ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့်စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to