မန္တလေးမြို့ ဟွာကျုံး ကျောင်းသားဟောင်းများ လူမှုကူညီရေးအသင်းက စုပေါင်းဘုံဆွမ်းလောင်းလှူ

အောင်မြေသာစံ စက်တင်ဘာ ၂

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍  မန္တလေးမြို့ ဟွာကျုံးကျောင်းသားဟောင်းများ လူမှုကူညီရေးအသင်းက ဧကဒသမအကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။

ထိုသို့ ဘုံဆွမ်းလောင်းလှူရာတွင် မိုးကောင်း ကျောင်းတိုက်မှ သံဃာတော်အပါး (၂၅၀) တို့အား ပင့်ဖိတ်၍ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် မန္တလေးမြို့ ဟွာကျုံးကျောင်းသားဟောင်းများ လူမှုကူညီရေးအသင်းက ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု‌‌ငွေများ ဆက်ကပ်လောင်းလှူကြ‌ကြောင်း သိရသည်။

မြင့်မော်ထွန်း (ပြန်/ဆက်)