တမူးမြို့တွင် အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။