ကျောက်တန်း စက်တင်ဘာ ၄
ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွှေးဝမ်းကျောင်း အထောက်အကူပြု သိုးမွှေးချည်ထိုးသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဝဲကြီးကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စိုးစိုးမြင့်မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကာ ကျောက်တန်းမြို့နယ်ဦးစီးမှူးဦးထွန်း၀င်းလတ်နှင့် သင်တန်းဆရာမများမှ သင်တန်းနှင့်ပတ်သက်သည့် ရှေ့ဆက်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ၊ ပေါင်းစပ်ဆောင်ရွက်သွားကြရန်နှင့် ဝင်ငွေရရှိနိုင်ရေးအတွက် သိကောင်းစရာများကို ပြောကြားခဲ့ပါသည်။ သိုးမွှေးချည်ထိုးသင်တန်းမှ သင်တန်းသားများ၏ ကလစ်မျိုးစုံ၊ ဦးထုပ်မျိုးစုံ၊ ပိုက်ဆံအိပ်မျိုးစုံ၊ ပန်းစည်းမျိုးစုံ၊ သော့ချိတ်မျိုးစုံ၊ ပဝါ၊ မာဖလာမျိုးစုံ၊ ခေါင်စီးပုဝါ၊ ကလေးအင်္ကျီ၊ ကလေးဦးထုပ်များ လုပ်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ VDP စီမံကိန်းဖြင့် ဆောင်ရွက်မည့် စင်မကော်ကျေးရွာ၊ ရွာတွင်းလမ်းကွန်ကရစ်ခင်းမည့်လုပ်ငန်းများအား မြေပြင်ကွင်းဆင်း၍ VDP ကော်မတီ၀င်များနှင့်တွေ့ဆုံကာ ပြည်သူထည့်ဝင်ငွေများပတ်သတ်၍လည်းကောင်း၊ လုပ်ငန်းများကိုလည်း စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ရန်တို့ကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကြံပင်စံပြကျေးရွာ Smart-Village ကော်မတီများ၊ RBF ကော်မတီများနှင့်ကျေးရွာပြည်သူများတွေ့ဆုံ၍ ကဏ္ဍာကြီး(၆)ရပ် အကောင်အထည်ဖော်မှုမှ ကျေးရွာသန့်ရှင်းသာယာလှပရေးအား ဦးစားပေးပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားပြီး ကျေးလက်စီးပွားမြင့်မားစေရန် ပုံငွေထူထောင်ရေးစီမံကိန်း(RBF)အတွက် ရန်ပုံငွေသိန်း(၃၀၀)ပေးအပ်ခဲ့ကာ Smart-Village စီမံကိန်းဖြင့် ဆောင်ရွက်မည့် အိမ်သွယ်ရေတိုင်သွယ်တန်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ်လမ်း/Box-Culvert ဆောက်လုပ်ခြင်းနေရာများ ကွင်းဆင်းခဲ့သတင်းရရှိသည်။
နေလင်းကျော်(ပြန်ဆက်)