ခန္တီးမြို့နယ်၌ ကလေးငယ်များအားပုံမှန်ကာကွယ်​ ဆေးတိုက်၊ ဆေးထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်​ဆေးတိုက်၊ ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်မှစ၍ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသော လုပ်ငန်းစဥ်ဖြစ်ရာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ဖျာပုံမြို့ အ.ထ.က (၁) ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့သည် ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပပြုလုပ်နေသည့် တိုင်းဒေသကြီးအဆင့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနေမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အသိပညာပေး Talk Show ကျင်းပ

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အသိပညာပေး Talk Show ကျင်းပ ထားဝယ် စက်တင်ဘာ ၃ ငွေဇင်ယော်(ထားဝယ်)

ဝါးခယ်မမြို့နယ် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓမဟာထေရ်အရှင်သူမြတ်ကြီး၏ ဥရုဇရုပ်ကလပ်တော်အား စံကျောင်းတော်ပေါ်သို့ ပင့်ဆောင်အပူဇော်ခံခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ ရွာလယ်ရပ်ကွက် သီရိမင်္ဂလာလမ်း ကုလဝတီကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဝါးခယ်မမြို့နယ် သံဃနာယကအဖွဲ့ ဩဝါဒါစရိယဂေါ်ပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ဖြစ်တော်မူသော သက်တော်(၇၅)နှစ်၊ သိက္ခာတော်(၅၅)ဝါးရှိ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓမဟာထေရ် အရှင်သူမြတ်ကြီး၏ ဥရုဇရုပ်ကလပ်တော်အား စံကျောင်းတော်ပေါ်သို့ ပင့်ဆောင်အပူဇော်ခံခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သီနှံတန်းဖိုးမြှင့်စားသောက်ကုန်ထုတ် နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ကျေးလက်နေ မိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် သီးနှံ အခြေခံတန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ရမည်းသင်းမြို့နယ်၊ မကျီးကုန်းတောင်ရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Subscribe to