ဗိုလ်တထောင်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်

ဗိုလ်တထောင် စက်တင်ဘာ ၄

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ခရိုင်အဆင့် သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၂ ရက်နေ့နံနက် ၉ နာရီအချိန်က သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ ဗိုလ်တထောင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်မိုးမိုးအေး၊ ခရိုင်အတွင်းရှိ ခရိုင်အဆင့်တာဝန်ရှိသူများ၊ သာကေတ၊ ဒေါပုံ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ ဗိုလ်တထောင်မြို့နယ်များမှ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းကို ဗိုလ်တထောင်ခရိုင်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၃၆) ဦးတို့က စက်တင်ဘာ ၃ ရက်မှ ၁၄ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာများကို သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိသုခဓမ္မဗိမာန်တော်ကြီး၌ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပြီး သင်တန်းသင်ကြားပို့ချနေမှုအား ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခင်ဝင်း (ပြန်/ဆက်)