ကဝမြို့နယ်၌ မီးသတ်တပ်ဖွဲ့ဝင်များ လုပ်ငန်းစွမ်းရည်တိုးတက်စေရန် လေ့ကျင့်ဆောင်ရွက်

ကဝ စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မီးသတ်တပ်ဖွဲ့ဝင်များ လုပ်ငန်းစွမ်းရည်တိုးတက်စေရန်အတွက် ယမန်နေ့မွန်းလွဲ(၃း၃၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးလွင်မှဦးဆောင်၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် (BA set)အသက်ရှူကိရိယာအသုံးပြုပုံ၊ အထပ်မြင့်တိုက်များတွင် မီးလောင်ပါက မီးငြှိမ်းသတ်ပုံနှင့် အသက်ကယ်ကြိုးအသုံးပြု၍ အသက်ကယ်ခြင်းများဆောင်ရွက်နိုင်ရန်တို့ကို လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)