မိုင်းတုံ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ခုနှစ်၊ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့များဖြင့် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ယင်း အစည်းအဝေးတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးအောင်အောင်ထွန်းက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့်ပတ်သက်၍လည်းကောင်း၊ သန်းခေါင်စာရင်းသင်တန်းကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက် နေ့အထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး သင်တန်းတွင် အသုံးပြုမည့်ပစ္စည်းများကို ဖွင့်ပွဲနေတွင် ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း အကျယ်တစ်ဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့အဝင် ဦးကျော်ဇံဝေက သန်းခေါင်စာရင်းသင်တန်းနှင့်ပတ်သက်၍ သင်တန်းတက်ရမည့်သင်တန်းသားများအားလုံး အကြောင်းကြားထားပြီးကြောင်းနှင့် လိုအပ်သည်များကိုလည်းတက်နိုင်သည့်ဘက်ကနေ ဆောင်ရွက်ပေးသွားမည်ကိုလည်း ပြောကြားသွားကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)