ဗန်းမော် စက်တင်ဘာ ၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဗန်းမော်တက္ကသိုလ် ၊ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)နှင့် နည်းပညာတက္ကသိုလ် (ဗန်းမော်)တို့၏ ပထမနှစ်ဝက်နှင့် ဒုတိယ နှစ်ဝက် ဘာသာရပ်ပေါင်းစုံ စာမေးပွဲများကို စက်တင်ဘာ (၂) ရက် နံနက် (၉) နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ဗန်းမော်တက္ကသိုလ်၊ မံဖာကျေးရွာရှိ နည်းပညာတက္ကသိုလ်(ဗန်းမော်) နှင့် (၃)မိုင် ရွှေပြည်သာရက်ကွက်တွင် ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)တို့ ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူဦးရေ (၁၆၇၁) ဦးရှိပြီး ဖြေဆိုသူဦးရေ (၁၄၄၂) ဦးနှင့် ပျက်ကွက်သူဦးရေ (၂၂၉) ဦးဖြစ်ပြီး၊ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) ဘာသာရပ်ပေါင်းစုံမှ ပထမနှစ်ဝက် နှင့် ဒုတိယနှစ်ဝက် စာရင်းရှိ ကျောင်းသား/ကျောင်းသူဦးရေ (၁၈၁) ဦးရှိပြီး ဖြေဆိုသူဦးရေ (၁၆၃) ဦးနှင့် ပျက်ကွက်သူဦးရေ (၁၈) ဦးနှင့် နည်းပညာတက္ကသိုလ် (ဗန်းမော်) ဘာသာရပ်ပေါင်းစုံမှ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်စာရင်းရှိ ကျောင်းသား/ကျောင်းသူဦးရေ (၂၂၀) ဦးရှိပြီး ဖြေဆိုသူဦးရေ (၂၁၄) ဦးနှင့် ပျက်ကွက်သူဦးရေ (၆)ဦးဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် စာမေးပွဲဖြေဆိုနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များ၊ ဗန်းမော် တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)နှင့် နည်းပညာတက္ကသိုလ် (ဗန်းမော်)တို့မှ ပါမောက္ခ ဆရာ /ဆရာမကြီးတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဗန်းမော်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)နှင့် နည်းပညာတက္ကသိုလ် (ဗန်းမော်) ဘာသာရပ်ပေါင်းစုံစာမေးပွဲကို (၂.၉.၂၀၂၄) ရက်နေ့မှ (၉.၉.၂၀၂၄) ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)