ကြံခင်းမြို့နယ်(Community Centre)ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်

 ကြံခင်း စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမနှင့် ကလေးစာဖတ်ခန်းတို့၌ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်ကျောင်းသားများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံကျွမ်းကျင်(၃)ဒေါ်မိုးမိုးစန်းက   အမှတ်ပေး စည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်၍ ပြောကြားပြီးနောက်  ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့က ဆရာကြီးမင်းသုဝဏ်  ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး  ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကျောင်းသား/သူများအား လေမီစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသော "သူတစ်ပါးအပေါ် ကူညီပေးတတ်သော ပါးမန်"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြရာ သူတစ်ပါးအခက်အခဲကို ကူညီပေးခြင်းဖြင့် မိမိအတွက် ကောင်းကျိုးချမ်းသာရကြောင်းကို ရုပ်ပုံများပြသကာ ကျောင်းသား/သူများဖြင့် စာဖတ်ဝိုင်းပြုလုပ်ပြီး ဆွေးနွေးကြပါသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်တားဆီးကာကွယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင် မျိုးစုံပြသထားခြင်းကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)