ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးရွာသွန်းမှုကောင်းသည့်အတွက် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်လျက်ရှိ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးရွာသွန်းမှုကောင်းမွန်သည့်အတွက် ဒေသခံတောင်သူများ အားထားစိုက်ပျိုးခဲ့သည့် မြေပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့ပြီး ယခုအခါ မြေပဲစိုက်ခင်းများမှာ နုတ်သိမ်းချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက အထွက်နှုန်း လျော့ကျမှုမဖြစ်စေရေး နုတ်သိမ်းလျက်ရှိကြောင်းနှင့် မြေပဲအထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။