ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

ကော့သောင်း  စက်တက်ဘာ ၇

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများအား ယမန်နေ့က ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် တာဝန်ရှိအဖွဲ့အစည်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား (၁၂၂)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း (၁၃၁)ဦး ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

အဆိုပါ နေရပ်ပြန်များအား ပြန်လည်လက်ခံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦး‌အောင်ချိုနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက နေရပ်ပြန်များအား လိုအပ်သည်များ ကိုပြောကြားခဲ့ပြီး နဝရတ်အားကစားခန်းမတွင် ကျန်းမာရေးဌာနမှကျန်းမာရေးစောင့်ရှောက်မှုပေး၍ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများက ပြန်လည်ဝင်ရောက်လာသူများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ  ကိုယ်ရေးမှတ်တမ်းများကောက်ယူခြင်းနှင့် လိုအပ်သည်များ စစ်ဆေးဆောင်ရွက်၍ မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျပြန်လည် ပို့ဆောင်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)