တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၃/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာရွှေဝါခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု အားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

တာမွေမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်ကစတင်ကာ မိုသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများအပြင် ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များနှင့် လမ်းသွားလမ်းလာများ သွာရေးလာရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း ခရီးသွား ပြည်သူတစ်ဦးထံမှ သိရသည်။

အိမ်မဲမြို့နယ် အ.ထ.က (၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ်၌ မိုးစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနိုင်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ရှိ မိုးစပါးစိုက်ခင်းများအတွင်းပေါင်းမြက်များ ရှင်သန်ကြီးထွားမှု မဖြစ်ပေါ်စေရေး၊ အထွက်နှုန်းတိုးတက်ကောင်းမွန်ရေးအတွက် ရည်ရွယ်ကာ မိုးစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံကာ စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးသည်။

အိမ်မဲမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် အ.ထ.က (၂)ကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပ ခဲ့သည်။

ဓနုဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အခြေခံပညာဦးစီးဌာနက ဦးဆောင်ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီကက ပြည်နယ်ပြည်သူ့ အားကစား ကွင်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများတက်ရောက်အားပေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် Mpox (မျောက်ကျောက်) ရောဂါ ကာကွယ်ထိန်းချုပ်ရေး လူထုအသိပညာပေးရေးနှင့် စောင့်ကြပ်ကြည့်ရှုရေးစသည့်လုပ်ငန်းစဉ်များအတွက် ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းကျင်းပသော Mpox (မျောက်ကျောက်)ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပန်းတနော်မြို့နယ် အ.ထ.က (မရမ်း) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက  အ.ထ.က (မရမ်း) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to