ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျန်းမာရေးအသိပညာပေး ဟောပြော
ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)၊ အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပသည်။