ကျောက်မြောင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဧရာနဒီ(ခန်းမ)တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းတုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ရည်ညွှန်းဈေး‌ဖြင့်‌ ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ စက်သုံးဆီအ‌ရောင်းဆိုင်များ သတ်မှတ်ရည်ညွှန်းဈေး‌ဖြင့်‌ ရောင်းချခြင်းရှိ၊ မရှိ ယ​မန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူများဖြစ်အောင်ပြုစုပျိုးထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ပြီး ဒက္ခိဏသီရိအသေးစားနှင့် အလတ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူများဖြစ်အောင် ပြုစုပျိုးထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်ပညာရေးမှူးများ တက်ရောက်ကြသည်။

ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) စတင်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် (၉၇) ကြိမ်မြောက် မြတ်စွာဘုရားအမှူးပြုသော ရဟန္တာမထေရ်အပါး (၅၀၀) တို့အား (၅၀၁) ဆူစတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် မြတ်စွာဘုရားအမှူးပြုသောရဟန္တာမထေရ်အပါး (၅၀၀) တို့အား (၅၀၁)ဆူ စတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲ ရေစက်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် ကျင်းပခဲ့သည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) Meeting Room ခန်းမ၌ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသော "လူတွေရဲ့ချစ်ခင်မှုကိုရအောင်"စာအုပ်ဖြင့် ယနေ့နံနက် ၁၁ နာရီက စာဖတ်ဝိုင်း‌ ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ် အခြေခံပညာမူလတန်း‌ကျောင်း‌၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု‌ပေးပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ဥယျာဉ်ကုန်းရွာ အခြေခံပညာမူလတန်းကျောင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ‌ဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။

ဟုမ္မလင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ယိုမျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ ယိုမျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ကို ဇန်နဝါရီ (၂၅) ရက်နေ့၊ နေ့လည်(၁၂)နာရီအချိန်က ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားဝင်းရှိ ဓမ္မဝိစယဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ခန္တီးမြို့နယ်၌ မီးချတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နွေရာသီရောက်ရှိလာတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် (၇) နာရီ အချိန်က မြို့မရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ (နပဆ-၁) မှ လာရောက်ကပြဖျော်ဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေပျော်ရွှင်စေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ (နပဆ-၁)မှ လာရောက်တင်ဆက်ကပြဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီမှ စတင်၍ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရုံပရိယတ္တိစာသင်တိုက်ဝန်းအတွင်း၌ တင်ဆက်ကပြဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။
Subscribe to