သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့နံနက် (၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ  ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ သဲတောကျေးရွာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက်  ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက သဲတောကျေးရွာ ဘုန်းတော်ကြီးကျောင်း သာသနာ့ဗိမာန်စာသင်တိုက်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

စဉ့်ကူးမြို့၌ သန်းခေါင်စာရင်းကောက်ယူရာတွင် အဆင်ပြေစေရေးအတွက် ကောက်ကွက်များ အလိုက် အဆောက်အအုံအမှတ်စဉ်များ ကွင်းဆင်းဖြည့်သွင်းခြင်း ဆောင်ရွက်

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အဆင်ပြေ စေရေးအတွက် ကောက်ကွက်များအလိုက် အဆောက်အအုံအမှတ်စဉ်များ ကွင်းဆင်းဖြည့်သွင်းခြင်းကို မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့ အမှတ်(၁) ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့သည်။

မြိတ်မြို့ အ.ထ.က(၇)တွင် ကျားမအခြေပြု အကြမ်းဖက်မှု အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျားမအခြေပြု အကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြိတ်မြို့ မြိတ်တောင်ရပ်ကွက်ရှိ အ.ထ.က (၇) တွင် ကျောင်းသား/သူများအား မြိတ်ခရိုင်အမျိုးသမီးကော်မတီမှ ဟောပြောခဲ့ကြသည်။

စကုမြို့၌ ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့်အားကစားပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသား/ကျောင်းသူများ ဘက်စုံးထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်စေရန်နှင့် အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သင်နှစ် ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက အဆိုပါကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ပျော်ရွှင်စွာ ဆင်နွှဲ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါအထက်တန်းကျောင်းခန်းမတွင်  ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း မိုးစပါးစိုက်ကွင်းများအတွင်း မိုးစပါးအထွက်တိုးရေးနှင့် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီစားသုံးမှု ဖူလုံစေရေးအတွက် မိုးစပါးအထွက်တိုးစေရေးနှင့် သီးထပ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ခမောက်ကြီးမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာ အုပ်စုဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ် မြောက်ပြည်​ထောင်စု​နေ့ကိုကြိုဆိုသောအားဖြင့် မြို့အုပ်ချုပ်​ရေးမှူးဖလား ရပ်ကွက်/​ကျေးရွာအုပ်စု​ဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ နေ့လယ်ပိုင်းက ခ​မောက်ကြီးမြို့ အမှတ်(၁)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း ​ဘောလုံးကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ခမောက်ကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထိန်လင်းနှင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ သူများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

လားရှိုးမြို့တွင် ဒေသထွက်လိမ္မော်သီးများအပြင် ရှမ်းပြည်တောင်ပိုင်းဒေသထွက် လိမ္မော်သီးများလည်း ရောင်းချ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဒေသထွက်လိမ္မော်သီးများအပြင် ရှမ်းပြည်နယ် (တောင်ပိုင်း)ဒေသထွက် လိမ္မော်သီးများလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။
Subscribe to