ရွှေတောင်မြို့နယ်တွင် နွေစပါး YAR-14 ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၀၈) ရွာဟောင်းကွင်းရှိ တောင်သူ ဦးကျော်ဌေး၏ လယ်မြေတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် နွေစပါး YAR-14 ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် အငြိမ်းစားပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်အတွင်းရှိ ကြည့်မြင်တိုင်မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အငြိမ်းစားပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် သွေးချို၊ ဆီးချို၊ သွေးတိုးစမ်းသပ်စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းကျန်းမာရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ုကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သဇင်ခိုင် ဦးဆောင်သည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီက အလုံမြို့နယ် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ကြံစို့ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြံစို့ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင်၊ ကျောင်းအခြေပြု အသိပညာပေးလုပ်ငန်းအဖြစ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမာမြို့၊ ပက်ပြဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) သို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကို ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ လ ၂၄ ရက် နံနက် ၁၀ နာရီက ကျင်းပရာ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။

မရမ်းကုန်းမြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်) အဆောက်အအုံ စာရင်းသွင်းခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်၌ စတင်ဆောင်‌ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာရှင်များ၊ သက်ဆိုင်ရာဌာနများနှင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ပညာရှင်များ၊ သက်ဆိုင်ရာဌာနများနှင့် စကားဝိုင်းဆွေးနွေးပွဲ ယမန်နေ့ နေ့လည်ပိုင်းကပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများမှ တာဝန်ရှိသူများ၊ ဝယ်ယူကြိတ်ခွဲသူများ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ကြံခင်းမြို့နယ် အခြေခံပညာအလယ်တန်း (စပါးအိုး)ကျောင်းတွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အခြေခံပညာအလယ်တန်း (စပါးအိုး)ကျောင်းတွင်  ရပ်ရွာအခြေပြု လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေးဟောပြောပွဲကို  ယမန်နေ့  နေ့လည်ပိုင်းက  အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ဒိုက်ဦးမြို့ အ.ထ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉)နာရီက ဒိုက်ဦးမြို့ အ.ထ.က(၂)ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to