သဲကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းကို ယမန်နေ့က သဲကုန်းမြို့နယ်၊ ​ထန်းရင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်၌ ဆောင်းသီးနှံ ဒေသထွက် ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ယခုအခါတွင် ဆောင်းသီးနှံ ဒေသထွက်ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်၍ စတင်ခူးဆွတ်ရောင်းချကြလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း (ပညာ့ဗိမာန်)ခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်္ဂလာဒုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦစာရင်းတင်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် အဆောက်အဦစာရင်းတင်ခြင်း လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာမြို့ပေါ်ရပ်ကွက်များသို့ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသူ ပင်စင်စားများကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများကို လိုအပ်သည့် ကျန်းမာရေးများ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့ အ.မ.က အလယ်ရပ်ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ.မ.က အလယ်ရပ်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင် အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

လဲချားတွင် ကြက်ခြေနီရှေးဉီးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် မြို့နယ်ကျန်းမာရေးဉီးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဉီးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြည်သူ့ဆေးရုံရှိ သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

စလင်းမြို့နယ် ကြို့ဝန်းကြီးကျေးရွာ အ.ထ.က(ခွဲ)အခြေခံပညာကျောင်း၌ လူငယ်များဗလငါးတန်ဖွံဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကြို့ဝန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/သူ လူငယ်ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များ၌ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ရည်ရွယ်၍ကျေးလက်ဒေသများအရောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် မွန်းလွဲ(၁)နာရီ ၁၅ မိနစ်အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းဝန်းအတွင်း မျက်နှာစာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့၌ ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to