ငါးသိုင်းချောင်းမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ငါးသိုင်းချောင်းမြို့  အ.ထ.က (ခွဲ) တက်ဆိပ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ အသိပညာ၊ အတွေးအခေါ် များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း‌ ‌သစ္စာခန်းမ၌ ကျင်းပခဲ့သည်။

ငပုတောမြို့နယ် အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင်ကျင်းပပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်ခရိုင်၊  ငပုတောမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ပေါင်မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(ယိုမျိုးစုံ)သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သထုံခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍  “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း”တွင် ပါဝင်သည့် လူငယ်များ အလုပ် အကိုင် အခွင့်အလမ်းဖန်တီးပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၏ သီးနှံအခြေခံတန်ဖိုးမြှင့်  စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ (ယိုမျိုးစုံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နတ်ကြီးချောင်ကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌  ပြုလုပ်ခဲ့သည်။

ဟုမ္မလင်းမြို့၌ ပြည်သူလူထုပူး ပေါင်း‌ပါဝင်‌သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း အသိပညာပေး Talk Show ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တော‌ဦးစီးဌာနတို့ပူးပေါင်းပြီး" ပြည်သူလူထုပူးပေါင်း‌ပါဝင်‌ သောမိုးရာသီသစ်ပင်စိုက်ပျိုးခြင်း" အသိပညာပေးခေါင်းစဉ်ဖြင့်Talk Show ကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌‌ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်အမှတ်(၄)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတက်ရောက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ အုပ်စုရှိ အမှတ်(၄)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း၊ အမှတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပရာ သင်တန်းဆင်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ သံဖြူဇရပ်တပ်နယ်၊ တပ်နယ်မှူးနှင့်အရာရှိများ၊ သံဖြူဇရပ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်သည့်လယ်မြေများ ပြန်လည်စိုက်ပျိုးနေမှုအခြေအနေအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့နံနက် (၉)နာရီ အချိန်ခန့်က ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာသို့ ရောက်ရှိလာပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုတို့ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများ ပြန်လည်စိုက်ပျိုးနေမှု အခြေအနေအား လာရောက်ကြည့်ရှုခဲ့ကြသည်။

ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဘိုကတော်ကျောင်း၌ ကျင်းပသည်။

မိုင်းယုမြို့၌ ဝါတွင်းကာလ ဒါန ဆွမ်း၊ ဆန်၊ ဆီများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မြို့မိမြို့ဖများနှင့် အလှူရှင်များ ပါဝင်ဆောင်ရွက်သော (တတိယ)အကြိမ်မြောက် ဝါတွင်းကာလ ဒါနဆွမ်း၊ ဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်း၌ ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က တက်ရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် လူဦး‌ရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်‌ထွေ/အုပ်ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to