စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်သမျှသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီရရှိစေရန်၊ သီးနှံများတွင် အသုံးပြုလျက်ရှိသော ဓာတုပိုးသတ်ဆေးနှင့် ဓာတုမြေဩဇာများ ဈေးနှုန်းကြီးမြင့်နေမှုအပေါ် ကုစားမိစေရန်၊ သဘာဝပိုးသတ်ဆေး၊ သဘာဝမြေဩဇာများကို တောင်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာစေရန်နှင့် သဘာဝပိုးသတ်ဆေး၊ သဘာဝမြေဩဇာများကို တောင်သူများ တွင်တွင်ကျယ်ကျယ်သုံးစွဲလာခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိ၍ ဝင်ငွေတိုးတက် လာစေရန်တို့အတွက် ရည်ရွယ်၍ ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးများ ပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။