ဟုမ္မလင်းမြို့၌ ပြည်သူလူထုပူး ပေါင်း‌ပါဝင်‌သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း အသိပညာပေး Talk Show ပြုလုပ်

ဟုမ္မလင်း စက်တင်ဘာ ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တော‌ဦးစီးဌာနတို့ပူးပေါင်းပြီး" ပြည်သူလူထုပူးပေါင်း‌ပါဝင်‌ သောမိုးရာသီသစ်ပင်စိုက်ပျိုးခြင်း" အသိပညာပေးခေါင်းစဉ်ဖြင့်Talk Show ကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌‌ကြောင်း သိရသည်။

အဆိုပါ ပြည်သူလူထုပူးပေါင်း‌ပါဝင်‌သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်(၂) ဒေါ်နန်းမဉ္ဇူအေးက၊ မိုးရာသီကာလသစ်ပင်စိုက်ပျိုးခြင်း၏ရည်ရွယ်ချက်များ၊ သစ်ပင်စိုက်ပျိုးခြင်းပြုစုထိန်းသိမ်းခြင်းဖြင့်ရရှိမည့်အကျိုး‌ကျေးဇူးများ၊ ၂၀၂၄ခုနှစ် ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးထားရှိမှုအခြေအနေ၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်တို့တွင် ပြည်သူလူထုပူးပေါင်းပါဝင်အောင် ဆောင်ရွက်ချက်များစသည်ဖြင့် မေးမြန်းဆွေးနွေးခဲ့ရာ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးခွန်ဖိုးက သစ်တောသစ်ပင်စိုက်ပျိုးခြင်း၏ ရည်ရွယ်ချက်များ သစ်‌တောသစ်ပင်စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအရ နှစ်စဉ်လူထုဖြန့်ဝေခြင်း၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်၊ သစ်ပင်စုစုပေါင်း၁၁၅၀၀ပင် စိုက်ပျိုးနိုင်ခဲ့ပြီး သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာစေရန်၊ သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပလေ့ရှိ‌ပြီး သစ်တောရုံးရှိပျိုးဥယျာဉ်တွင် ပျိုးပင်များပြည်သူလူထုသို့ အခမဲ့ဖြန့်ဝေရန် ပျိုးထောင်ထားပြီးပညာ‌ရေးကျောင်းများ ဒေသခံများနှင့်အစည်းအဝေးပွဲများ၊ အသိပညာဟောပြောပွဲများပြုလုပ်ခဲ့သည်။ သစ်တောပြုန်းတီးမှုကြောင့်ဖြစ်ပေါ်လာနိုင်သော အိုဇုန်းလွှာပျက်စီးခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းအချိန်အခါမဟုတ် မိုးရွာသွန်းမှုများလေပြင်းမုန်တိုင်းများတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်းတို့မှကာကွယ်ရန်၊ သစ်တောသစ်ပင်စိုက်ပျိုးမှုနှင့်ထိန်းသိမ်းခြင်းများ၊ လက်ရှိကမ္ဘာကြီးသည် လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားလာပြီး လူဦးရေတိုးပွားလာမှု စက်ရုံအလုပ်ရုံပေါများလာမှုတို့ကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲခြင်းအကျိုးဆက်များ လျော့ပါးလာစေရန် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းတွင် ပြည်သုလူထုမှ ပူးပေါင်းပါဝင်ကြရန်စသည်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဟုမ္မလင်းမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုအသိပညာတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်ကာအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)